OK (မိုဘိုင်းနှင့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ မင်းပြား)မှ အစဉ်တဆက်ဝယ်ယူအားပေးခဲ့သော မြို့ ရော၊နယ်ပါ မိတ်ဟောင်း၊မိတ်သစ်များအတွက် ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် ဤနည်းပညာဆိုက်အား OK (မိသားစု)မှ လွှင့်တင်ရခြင်းဖြစ်ပါသည်။

Sunday, April 14, 2013

Mobile Alarm System v1.2.91 for Android (Full Version)





Android ဖုန်းပိုင်ရှင်တွေအတွက် မတ်လ ၂၄ရက်မှာထွက်ရှိလာတဲ့ Mobile Alarm System ဆော့ဝဲ version အသစ်လေး 1.2.91 ကိုတင်ပေးလိုက်ပါတယ်။ ကိုယ့်ဖုန်းတစ်နေရာမှာမေ့ကျန်ခဲ့လို့ဖြစ်စေ ၊ တစ်နေရာမှာ ခဏထားခဲ့လို့ဖြစ်စေ ၊ ကိုယ်မရှိခင်အချိန်လေးမှာ တခြားသူတစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ကိုင်တာမျိုးကိုမကြိုက်ဘူးဆိုရင် အခုမိတ်ဆက်ပေးမယ့်ဆော့ဝဲလေး Mobile Alarm System ကိုအသုံးပြုနိုင်ပါတယ်။ Android ဖုန်းတော်တော်များများမှာအသုံးပြုနိုင်ပါတယ်။ ဒီဆော့ဝဲလေးနဲ့လုပ်နိုင်တဲ့အချက်ကတော့
-ဖုန်းကိုလက်ရှိထားတဲ့နေရာကနေ ရွေ့သွားအောင်ကိုင်မိရင် ဖုန်းက Alarm ထမြည်လာခြင်း
-Proximity Sensor ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားစဉ် (သို့) အားသွင်းနေစဉ် ဖုန်းကြိုးကိုတစ်ယောက်ယောက်က ဆွဲဖြုတ်လိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းမှာပါတဲ့ Camera ကို ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာ တစ်စုံတစ်ခုလှုပ်ရှားမှုတွေ့တာနဲ့ ဖုန်းကချက်ချင်း Alarm မြည်ပြီး အဲဒီလှုပ်ရှားမှုအဖြစ်အပျက်ကို ဓာတ်ပုံရိုက်ယူထားနိုင်ခြင်း စတဲ့ features အလန်းစားတွေပါဝင်ပါတယ်။ ဒီဆော့ဝဲလေးကို Google Play မှာ ၁.၂၅ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး Myanmar Mobile App Store Website မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
Credit to www.myanmarmobileapp.com
Download Here:

Mirror Download link: http://www.filesnack.com/files/c7jld0s9



0 comments:

Post a Comment

OK (မိုဘိုင်းနှင့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ မင်းပြား)မှ အစဉ်တဆက်ဝယ်ယူအားပေးခဲ့သော မြို့ ရော၊နယ်ပါ မိတ်ဟောင်း၊မိတ်သစ်များအတွက် ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် ဤနည်းပညာဆိုက်အား OK (မိသားစု)မှ လွှင့်တင်ရခြင်းဖြစ်ပါသည်။